Skip to main content
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သတင်းမှတ်တမ်းဗီဒီယိုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ကျေးရွာအုပ်စု၊ သမိုင်းဝင် မဟာမကုဋရံသီဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၊ စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများပေးအပ်။ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နှင့် ငပုတောမြို့နယ်တို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ဟိုင်းကြီးကျွန်းမြို့နယ်ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်၌ တွေ့ဆုံ။ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများအား နယ်မြေခံရေတပ်စခန်းဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြား။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပုသိမ်လေဆိပ်ခန်းမဆောင်၌တွေ့ဆုံ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်- မြန်မာနိုင်ငံ၏ ပထမဆုံး နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရှရုားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporation တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုး။ ပန်းတနော်မြို့နယ်ရှိ Global Earth Agro & Aqua Industry Public Co.Ltd လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၊ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး၊ ကံ့ကော်ပင်အမှတ်တရစိုက်ပျိုး၊ Smart Hatchery & Nursery ငါးသားဖောက်စခန်းသို့ ကြည့်ရှု။