Skip to main content
၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သတင်းမှတ်တမ်းဗီဒီယိုများ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတ နိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှုထူထောင်သည့် (၇၅)နှစ်ပြည့် စိန်ရတုအခါသမယအား ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သီရိလင်္ကာနိုင်ငံသမ္မတ မစ္စတာ ရာနေးလ်ဝစ်ခ်ရီမီဆင်းဟီနှင့် လည်းကောင်း၊ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် မစ္စတာဒင်းနစ်ဂူနာဝါဒီနာနှင့်လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးအပြန်အလှန်ပေးပို့။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်-ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲ အခမ်းအနားတက်ရောက်။