ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသော“လူငယ်နှင့် အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ”အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်
နေပြည်တော် စက်တင်ဘာ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ Radission Collection ၌ ကျင်းပသည့် “လူငယ်နှင့် အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ” ခေါင်းစဥ်ဖြင့် ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်များ၌ ပညာသင်ကြားနေကြသည့် Ph.D , DS.c သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ (World Atomic Week Forum 2025) တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိခြင်း ဖြစ်သည်။
- Log in to post comments
News Category
Detail Link
Read More