Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်မှ တည်ခင်းဧည့်ခံသည့်ညစာစားပွဲသို့ အခြားနိုင်ငံ့အကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်

နေပြည်တော် မေ ၈

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် မော်စကိုမြို့သို့ ရောက်ရှိနေသည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညပိုင်းတွင် ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ အခြားနိုင်ငံ့အကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက် သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနှစ်(၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေသည့် အခြားနိုင်ငံ့အကြီးအကဲများအား ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ကြိုဆိုနှုတ်ဆက်သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခြားနိုင်ငံ့အကြီးအကဲများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့်အတူ Andereevsky ခန်းမ၌ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနှစ်(၈၀)ပြည့်အထိမ်းအမှတ် ဂုဏ်ပြုကပွဲကို အတူတကွ ကြည့်ရှုကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခြားနိုင်ငံ့အကြီးအကဲများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့်အတူ Aldxandrovsky ခန်းမ၌ ညစာအတူတကွ သုံးဆောင်ကြသည်။

 

ညစာသုံးဆောင်အပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ညစာစားပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံ့အကြီးအကဲများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။