Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Anwar Ibrahim နှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဧပြီ - ၁၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် H.E. Anwar Ibrahim နှင့် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံငလျင်ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးတွင် အာဆီယံအသိုက်အဝန်းမှ စည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ကူညီဆောင်ရွက်ရေး၊ မြန်မာ-အာဆီယံအသိုက်အဝန်းမှ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအား ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

 

၎င်းတွေ့ဆုံပွဲ၌ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Thaksin Shinawatra လည်း တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။