Skip to main content

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့်ပတ်သက်၍ ဂါနာနိုင်ငံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်း ပေးပို့သည့် သဝဏ်လွှာ

(၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်)

 

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့်အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများဖြစ်ပေါ်ခဲ့ခြင်းအတွက် ဂါနာနိုင်ငံသမ္မတ H.E. Mr. John Dramani Mahama က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့သည်။

အဆိုပါသဝဏ်လွှာတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် (သောကြာနေ့) တွင် မြန်မာနိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အထူးဝမ်းနည်းကြေကွဲပါကြောင်းကို အဆွေတော်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံပြည်သူများအား ဂါနာသမ္မတနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် ပြောကြားအပ်ပါကြောင်း၊ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ခြင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် ပျက်စီးဆုံးရှုံးမှု ကြီးမားစွာရှိခဲ့သည့်အတွက် အလွန်စိတ်မကောင်းဖြစ်ရပါကြောင်း၊ ကျန်ရစ်သူမိသားစုများ၊ ထိခိုက်ဒဏ်ရာရသူများအတွက် ဆုတောင်းမေတ္တာပို့သလျက်ရှိပါကြောင်း၊ ဤသို့ခက်ခဲလှသည့်အချိန်တွင် ဂါနာနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူများနှင့်အတူ တစ်သားတည်း ရှိနေပါကြောင်း၊ မြန်မာနိုင်ငံပြည်သူများ ကျန်းမာ၍ သာယာဝပြောပါစေကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းလျက် အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်းတို့ ဖော်ပြပါရှိကြောင်း သတင်းရရှိသည်။