Skip to main content
၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သတင်းမှတ်တမ်းဗီဒီယိုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ - ၂၀၂၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ကူဝိတ်နိုင်ငံဝန်ကြီးချုပ် His Highness Sheikh Ahmad Nawaf AL- Ahmad AL-Sabah နှင့် တယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး။ ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များလမ်းညွှန်မှာကြား။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ- မြန်မာအမျိုးသမီးများနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရိုးရိုးယဉ်ယဉ်မြန်မာ့အသွင်၊ ရောင်စုံခြယ်သမြန်မာအမျိုးသမီးများအလှ ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှုပြပွဲသို့တက်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ညီနောင်အသင်းဖွဲ့များနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကိစ္စရပ်များကို ကဏ္ဍာအလိုက် ရင်းနှီးပွင့်လင်းစွာဆွေးနွေး။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Novosibirsk State University နှင့် Higher Military Command School သို့ လေ့လာ၊ သူရဲကောင်းရုပ်ထုများအား ဂုဏ်ပြုပန်းခြင်းဖြင့် အလေးပြု၊ သင်တန်းသားများပစ်ခတ်စဉ် လေ့ကျင့်နေမှုများနှင့် ရုရှားတပ်မတော်မှထုတ်လုပ်ထားသည့် လက်နက်များနှင့် လက်နက်ဆိုဒ်များလေ့လာ၊ Novosibirsk မြို့ အစိုးရအဖွဲ့အကြီးအကဲက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာအတူတကွသုံးဆောင်၊ အနုပညာရှင်အဖွဲ့က ရိုးရာတေးသီချင်း အကအလှများဖြင့် သီဆိုဖျော်ဖြေ၊ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်။ Novosibirsk အစိုးရအဖွဲ့အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး၊ အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးနှင့် အဖွဲ့ Marriott Hotel အနီးရှိ Novosibirsk State Academic Opera and Ballet Theatre သို့ လေ့လာ၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်။