Skip to main content
၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သတင်းမှတ်တမ်းဗီဒီယိုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ရခိုင်ပြည်နယ်၊ အာကစားနှင့် ကာယပညာကော်မတီမှ ဖွင့်လှစ်သည့် နွေရာသီ အားကစားသင်တန်း သရုပ်ပြလေ့ကျင့်မှုများသွားရောက်ကြည့်ရှုအားပေး။ ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများ အဆင့်မြင့်တင်ရန် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၊ စစ်တွေတပ်နယ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများအတွက် အာဟာရပြည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်း။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် - ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ဂုဏ်ပြုချီးမြှင့်၊ ရုရှားသိပ္ပံအကယ်ဒမီ အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့မှ ပေးအပ်ချီးမြှင့်သည့် “ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”အား လက်ခံရယူ။