Skip to main content
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သတင်းမှတ်တမ်းဗီဒီယိုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သီလဝါဒေသရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး။ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွနိးမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ၊ သုဝဏ္ဏသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ကိုယ်ကာယကြံ့ခိုင်ရေး အားကစားရုံအား ကြည့်ရှုစစ်ဆေး။ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့် ဆေးပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၁၉) နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား။ ကိုကိုးကျွမ်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်း (ကိုကိုးကျွန်း) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်၊ ကိုကိုးကျွန်းမြို့ ကျွန်းပတ်လမ်းနှင့် နယ်မြေခံတပ်ဌာနချုပ်များ၊ ဂျယ်ရီကျွန်းနှင့် ကျွန်းမကြီးအား ကျွန်းဆက်လမ်းဖောက်လုပ်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး၊ အုန်းနှင့် အုန်းထွက်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းကြည့်ရှု၊ နယ်မြေခံရေတပ်စခန်းဌာနချုပ်အတွင်း ဥစားကြက်များမွေးမြူထားရှိမှုနှင့် Green House များအတွင်း သီးနှံများစိုက်ပျိုးထားရှိမှု အခြေအနေကြည့်ရှုစစ်ဆေး။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringle အား လက်ခံတွေ့ဆုံ။ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) တို့မှ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာ/ဆရာမကြီးများနှင့် သန္ဓေအရာရှိများအား တွေ့ဆုံအမှာစကားပြောကြား။ ကတ်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုက ကျင်းပပေးသည့် ၂၀၂၁ ခုနှစ် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲသို့ တက်ရောက်ချီးမြှင့်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ၂၀၂၁ ခုနှစ် ပုလဲအတွဲနှင့် ကျောက်စိမ်းအတွဲများ ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ဒေသ သီရိမင်္ဂလာကုန်းမြေ၌ တည်ထားပူဇော်သည့် သမိုင်းဝင်ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားတက်။ တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား တက်ရောက်မိန့်ခွန်းပြောကြား။ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၈) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတက်။