Skip to main content
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး
Myanmar
English
Main navigation
မူလစာမျက်နှာ
အုပ်ချုပ်ရေး
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ
အစိုးရအဖွဲ့
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်
ပြည်ထောင်စုအစိုးရအဖွဲ့
ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ
တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့
အခန်းကဏ္ဍ
အမျိုးသားလုံခြုံရေးကဏ္ဍ
နိုင်ငံရေးကဏ္ဍ
စီးပွားရေးကဏ္ဍ
လူမှုရေးကဏ္ဍ
သတင်းများ
သတင်းများ
မိန့်ခွန်းများ
သဝဏ်လွှာများ
အမိန့်များ
အမိန့်ကြော်ငြာစာများ
ကြေညာချက်များ
ဥပဒေများ
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြဋ္ဌာန်းပြီးဥပဒေများ
ပြဋ္ဌာန်းပြီးနည်းဥပဒေများ
မီဒီယာကဏ္ဍ
ဓာတ်ပုံမှတ်တမ်းများ
ဗီဒီယိုမှတ်တမ်းများ
ဝန်ကြီးဌာနများ၏ Website များ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏တစ်နှစ်တာဆောင်ရွက်ချက်မှတ်တမ်း
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းတွေ့ရှိချက်များ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မူရင်းလင့်)
Search
Home
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သတင်းမှတ်တမ်းဗီဒီယိုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် (၂၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား။ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၃) သင်တန်းဆင်း ညစာစားပွဲအခမ်းအနားတက်ရောက်၊ ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့၏ ဂုဏ်ပြုတီးခတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်။ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေပေးအပ်။ မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ (အင်းစိန်) မှ ဝန်ထမ်းများအားတွေ့ဆုံ၊ စက်ရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများပေးအပ်၊ မီးရထားစက်ခေါင်းစက်ရုံအတွင်း ပြန်လည်ကြည့်ရှု၊ ကျောက်မီးသွေးသုံး မီးရထားစက်ခေါင်း စမ်းသပ်မောင်းနှင်နေမှုကြည့်ရှု၊ ဝန်ထမ်းများနှင့်အတူ နေ့လည်စာအတူတကွသုံးဆောင်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - တပ်မတော် (လေ) ၏ ဖွဲ့စည်းတည်ထောင်မှု (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်၊ ဇီဝိတဒါနငှက်လွှတ်၊ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များအားလှည့်ကြည့်ရှု၊ စုပေါင်းဓာတ်ပုံရိုက်၊ ဂုဏ်ပြုဆုငွေချီးမြှင့်။ တပ်မတော် (လေ) ၏ဖွဲ့စည်းတည်ထောင်မှု (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားဂုဏ်ပြုညစာစားပွဲနှင့် ပဒေသာကပွဲသို့တက်ရောက်ချီးမြှင့်။ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်ဖလား) အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်။ မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်တရားလွတ်တော်အဆောက်အဉီးဖွင့်ပွဲတက်၊ မော်လမြိုင်လေဆိပ်ရောက်ရှိပြီး လေဆိပ်အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေ၊ မော်လမြိုင်-ရေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သတ်၍ လိုအပ်သည်များမှာကြား။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး (MSME) လုပ်ငန်းများနှင့် တွေ့ဆုံဆွေးနွေး။ မချမ်းဘောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုထုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို ရဝမ်ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်ကြည့်ရှု။ ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများနှင့်တွေ့ဆုံ။ ပူတာအိုမြို့နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား တပ်နယ်ခန်းမ၌တွေ့ဆုံ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား။ (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား။ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား ဗလမင်းထင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြား။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ပြင်ဉီးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအား ပြင်ဉီးလွင်မြို့ မြို့တော်ခန်းမ တွေ့ဆုံဆွေးနွေး။ ပြင်ဉီးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း ထိန်းသိမ်းထားရှိမှုတို့အားကြည့်ရှု။ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) သင်တန်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့တက်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ဝန်ကြီးလာရောက်ဂါရဝပြုတွေ့ဆုံ၊ အမှတ်တရပစ္စည်းများအပြန်အလှန်ပေးအပ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးအဖွဲ့အစည်း (JSC Tyazhpromexport) ၏ ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ။ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်။
First page
« First
Previous page
‹ Previous
Page
1
Current page
2
Page
3
Next page
Next ›
Last page
Last »