Skip to main content
၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သတင်းမှတ်တမ်းဗီဒီယိုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား။ ပုသိမ်မြို့ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး ပုသိမ်မြို့ရှိ အမှတ်(၁)ရပ်ကွက်၊ကမ်းနားလမ်းတွင် မြစ်ခင်းမြေသား စွမ်းအင်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေး။ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား၊ ပုသိမ်ပြည်သူ့ဆေးရုံကြီး (၉) ထပ်ဆောင်ဆောက်လုပ်ခြင်း လုပ်ငန်းခွင်ကြည့်ရှုစစ်ဆေး။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - Naypyitaw State Academy တည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး။ ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်တည်ဆောက်နိုင်မည့် အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး။ မြန်မာနိုင်ငံ၏ ပထမဆုံးသင်္ဘောကျင်းဖြစ်သည့် ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး။ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ပင်မသိုလှောင်ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ ရန်ကုန် (ဓနိတော) သို့ သွားရောက်ကြည့်ရှုစစ်ဆေး။ ကမ္ဘာအေးဘုရားလမ်း၊ ဓမ္မစင်္ကြာရိပ်သာကျောင်းတိုက်ရှိ အနန္တသုခ (၅) ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီးကျောင်းလွှတ်ပူဇာဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်။