Skip to main content
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သတင်းမှတ်တမ်းဗီဒီယိုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - အဆင့်မြှင့်စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး) ရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအားတွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်၊ အိမ်ရာအတွင်းလှည့်လည်ကြည့်ရှု။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၊ ဘုရားပရိဝုဏ်တော်အတွင်းရှိ မြန်မာ့လက်မှုအနုပညာပစ္စည်းများ ပြခန်းနှင့် သမိုင်းပန်းချီပြခန်းကြည့်ရှု။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ရဲရွာရေအား လျှပ်စစ်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ဧည်သည့်တော်မှတ်တမ်းတင်လက်မှတ်ရေးထိုး၊ ရဲရွာရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေစစ်ဆေး။ စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - မန္တလေးတိုင်းဒေသကြီးရှိ နို့စားနွားမွေးမြူရေးစီမံကိန်း (ထုံးဘို) နှင့် မာဘယ်ကျောက်ပြားထုတ်လုပ်ရေးစက်ရုံ (မန္တလေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေး။ မန္တလေးမြို့ရှိ ဘာသာပေါင်းစုံအဖွဲ့များ၊ မြို့မိမြို့ဖများ၊ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊ မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေး၊ မေတ္တာလက်ဆောင်ပစ္စည်းများနှင့် အသင်းရန်ပုံငွေပေးအပ်၊ လက်ဖက်ရည်ဝိုင်းအတူတကွသုံးဆောင်။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်ရှိ မဟာဝိဇိတာရုံကျောင်းတိုက်ဆရာတော်၊ သံဃာတော်များအားအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ မန္တလေးတောင်ဆုတောင်းပြည့်မြတ်စွာဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို၊ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး။