နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် အသက်(၁၀၉)နှစ်ရှိ အဘွားအား အလှူပစ္စည်းများ ပေးအပ်
ပန်းတနော် ဇူလိုင် ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပန်းတနော်မြို့ အနောက်ပိုင်းရပ်ကွက်နေ အသက်(၁၀၉)နှစ် အဘွားဒေါ်စောကြည် နေအိမ်သို့ သွားရောက်၍ အလှူပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ပန်းတနော်မြို့နယ်ရှိ ဦးသန့်စာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) ရွှေနော်သီရိခန်းမ၌ Myanmar Electronic Voting Machine (MEVM) တပ်ဆင် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း အမှတ်စဉ်(၆/၂၀၂၅) ပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
- Log in to post comments
News Category
Detail Link
Read More