Skip to main content

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Naypyitaw State Academy ထိခိုက်ပျက်စီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ ၂၀

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကော်မတီဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy  ထိခိုက်ပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ငလျင်ကြောင့် ဘွဲ့လွန်နှင့်အုပ်ချုပ်မှုဆိုင်ရာ ပင်မဆောင်အခြေအနေ၊ ဆေးပညာသင်ကြားရေးအဆောင်၊ စီးပွားရေးပညာသင်ကြားရေးအဆောင်၊ ဝိဇ္ဇာနှင့်သိပ္ပံပညာသင်ကြားရေးအဆောင် (၂) ဆောင်နှင့် စီးပွားရေးနှင့်လူမှုရေးပညာသင်ကြားရေးအဆောင်တို့၏ ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပင်မ Column တိုင်နှင့် Beam တို့အား စစ်ဆေးချက်အရ ထိခိုက်မှုလုံးဝမရှိဘဲ အဆောင်လိုက် အုတ်နံရံအချို့ ပလာစတာ ကွဲအက်၊ ကွာကျနေခြင်းသာရှိ၍ ဇွန်လကျောင်းစတင်ဖွင့်လှစ်ချိန်မတိုင်မီ အပြီးပြုပြင်သွားရန်၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ၎င်းနောက် ဆောက်လုပ်ဆဲဘွဲ့နှင်းသဘင်ခန်းမနှင့် ဆောက်လုပ်ဆဲ (၆)ထပ်ဆောင်တို့အား ကြည့်ရှုစစ်ဆေးရာ အင်ဂျင်နီယာအသင်းချုပ်၊ အင်ဂျင်နီယာကောင်စီနှင့် ငလျင် ပညာရှင်များ၏ စစ်ဆေးချက်အရ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း တွေ့ရှိရသည်။

 

Naypyitaw State Academy အတွင်းရှိ ဆောက်လုပ်ပြီး အဆောက်အဦများနှင့် ဆောက်လုပ်ဆဲ အဆောက် အဦများအား ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး ၇ ခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

သို့ဖြစ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ  အသစ်ပြန်လည်ရေးဆွဲလျက်ရှိသည့် ရစ်(ခ်)တာစကေး ၈ အထိ ခံနိုင်သည့် အဆောက်အဦဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့မှ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။