Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဝင်များ Exhibition of Achievements of National Economy (VDNK) သွားရောက်လေ့လာ

နေပြည်တော် မေ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် မော်စကိုမြိုရှိ Exhibition of Achievements of National Economy (VDNK)ကို သွားရောက်လေ့လာကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် Exhibition of Achievements of National Economy (VDNK) သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် မော်စကိုမြို့ အကွက်ချပုံစံငယ်တည်ဆောက်ခြင်းပြခန်း၊ ခေတ်သစ် smart city တွင် အသုံးပြုမည့်နည်းပညာများပြခန်းနှင့် အခြားပြခန်းများအလိုက် စိတ်ဝင်တစားဖြင့် လိုက်လံကြည့်ရှုလေ့လာကြရာ ပြခန်းများအလိုက်မှ ပြခန်းတာဝန်ခံများမှ ရှင်းလင်းပြသခဲ့ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။